PTT အာပူရွက်

PTT အာပူရွက်

$2.99
{{option.name}}: {{selected_options[option.position]}}
{{value_obj.value}}

အာပူရွက်ဆိုတာဘာလဲ🌿 ရခိုင်ဟင်းလျာတွေမှာထည့်ရတဲ့အရွက်တစ်မျိုးဖြစ်တဲ့ အာပူရွက်ခေါ် Nettle Leaf ကို ကိုယ့်နိုင်ငံကလူတွေသာ သိပ်မသိကြတာကမ္ဘာမှာတော့ Nettle Leaf ကထုပ်တဲ့ Products တွေက အမျိုးစားရာနဲ့ချီပြီးရှိပါတယ်။ ဟင်းချက်တဲ့နေရာမှာတော့ ကြက်သားဟင်း ၊ ကြက်သားရခိုင်ချက် ၊ ငါးဟင်း ၊ ရခိုင်မုန့်တီ ၊ ရခိုင်ငါးပိထောင်း ဒီ့အပြင်အသားဟင်းတွေချက်ရင်လည်းထည့်ချက်လို့ရပါတယ်။ အနံအရသာကို ပိုမိုထူးကဲသွားစေနိုင်တဲ့ အစွမ်းက အာပူရွက်ရဲ့ ထူးခြားချက်ပါ။ဟင်းထဲကို အများကြီးခတ်စရာမလိုပဲ အနည်းငယ်ခတ်ထည့်ရုံနံ့ ဟင်းရဲ့အနံ့အရသာကို ပြီးပြည့်စုံစေမှာပါ။ အာပူရွက်မှာအနံ့အရသာအပြင်အာဟာရဓာတ်တွေလည်းများစွာပါဝင်နေတာပါ။ ဗီတာမင်တွေ အနေနဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် B တို့ ပါဝင်နေပါတယ်။သတ္တုဓာတ်တွေ အနေနဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တို့ ပါဝင်နေပါတယ်။အဆီဓာတ် အနေနဲ့ Linoleic acid၊ linolenic acid၊ palmitic acid၊ stearic acid နဲ့ oleic acid တို့ ပါဝင်နေပါတယ်။အမိုင်နိုအက်ဆစ်တွေ ပါဝင်နေပါတယ်။ဒါတွေအပြင် ဖလေဗာနွိုက်၊ ဘီတာကယ်လ်ရိုတင်း၊ ကာရိုတီးနွိုက်နဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ အာပူရွက်က သွေးတွင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏကို တိုးစေနိုင်ပါတယ်။အာပူရွက်က ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထုတ်လုပ်မှုကို လျှော့ချပေးနိုင်ပါတယ်။အဆစ်ရောင်တာတွေကို သက်သာစေနိုင်သလို လေးဖက်နာကို သက်သာစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။အာပူရွက်က ဆီးကျိတ်ကို ကျန်းမာစေပြီး ဆီးကျိတ် မကြီးအောင် ကာကွယ်ပေးသလို ဆီးကျိတ် ကြီးနေခဲ့ရင်လည်း ထပ်ကြီးမလာစေဖို့ ကာကွယ်ပေးပါတယ်။သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။ Ref; wikipedia.org

Show More Show Less

Price History

$2.99 ($0)
$2.99 ($0)
$2.99 ($0)
$2.99 ($0)
$2.99 ($0)
$2.99 ($0)
$2.99 ($0)
$2.99 ($0)
Show Less Show More